Latest News
-
ကသာခရိုင်အတွင်း မုန်တိုင်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၃)ရက်နေ့၊ ညနေ (၄:၃၀)နာရီမှ (၆:၀၀)နာရီအထိ လေဖိအားနည်းရပ်ဝန်းမှ အား ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ လာပြီး မိုးသက်လေပြင်းများကျရောက်နိုင်သည့်အတွက် ကသာမြို့နယ်အတွင်းရှိ ပြည်သူများကြိုတင် သတိပြုနိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များစသည့်လိုအပ်သည်များဆောင်ရွက်နိုင် ရန်နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ် ဦးစီးဌာနနှင့်ပြန်/ဆက်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြည်သူများအား အသိပေးတိုက်တွန်းနှိုးဆော်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar_str #sgg_may_2023 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြောင်းမြမြို့နယ်၊ ပြင်ရွာကျေးရွာ၊ လူတော်ကျေးရွာ၊ ပကိတ်ကြီးကျေးရွာ၊ ကွမ်းခြံကြီးကျေးရွာ၊ စက်ကုန်းကျေးရွာနှင့် ဒိုးပတ်ကျေးရွာအတွင်း မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၃)ရက်နေ့၊ နံနက်(၀၆:၀၀)နာရီအချိန်မှ ညနေ(၁၆:၃၀)နာရီအချိန်ထိ မုန်တိုင်းအန္တရာယ်ထိခိုက်ခံစားနိုင်ခြေရှိသည့် ကျေးရွာများဖြစ်သော မြောင်းမြမြို့နယ်၊ ပြင်ရွာကျေးရွာ၊ လူတော်ကျေးရွာ၊ ပကိတ်ကြီးကျေးရွာ၊ ကွမ်းခြံကြီးကျေးရွာ၊ စက်ကုန်းကျေးရွာနှင့် ဒိုးပတ်ကျေးရွာတို့ရှိ ပြည်သူ(၆၀၀)ဦးအား ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုဥက္ကဌ၊ ဦးစန်းဌေး ဦးဆောင်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနပါဝင်သော ဌာနဆိုင်ရာများနှင့်အတူသွားရောက်၍ မုန်တိုင်းဘေးမကျရောက်မီ၊ ကျရောက်နေစဥ်နှင့် ကျရောက်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များအား ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #ayy_may2023 … Read more
-
ထား၀ယ်မြို့နယ်၊ စည်ပင်သာယာဈေးကြီးနှင့် ဈေးကြီးအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၃) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ထား၀ယ်မြို့နယ်၊ စည်ပင်သာယာဈေးကြီးနှင့် ဈေးကြီးအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေး စသည့် သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_str #tny_may2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ကော့သောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ် အတွင်းရှိ ဈေးများ၊ စက်လှေဆိပ်များနှင့် လူစည်ကားရာရပ်ကွက်များရှိ ပြည်သူများကို မိုးတွင်းကာလဖြစ်ပွားတတ်သော မုန်တိုင်းဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေးနှင့် မြေပြိုဘေးများနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များအား ဌာနဆိုင်ရာများနှင့်အတူ အသိပညာဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ar #tny_may_2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာအုပ်စု၊ အကွက်အမှတ်(၉) မီးဘေးသင့်နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံ မြို့နယ်၊ ရွာလွတ်ကျေးရွာအုပ်စု၊ အကွက်အမှတ်(၉)၌ (၄-၅-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားသော မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်လုံးဝပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈,၄၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးတို့အား ( ၅-၅-၂၀၂၃ ) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_may2023 Source: … Read more
-
လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့၊ အောင်မင်္ဂလာစျေးရှိ ပြည်သူများထံသို့ (၆-၅-၂၀၂၃)ရက်နေ့၊ (၈း၃၀)အချိန်တွင် မုန်တိုင်းဘေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ရေဘေး၊ မြေပြိုဘေး၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးဘေးလက်ကမ်းစာစောင်များကို မြို့နယ်ထွေအုပ်နှင့်အတူ ဖြန့်ဝေခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2023 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









