ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကသာခရိုင်ဦးစီးမှူးရုံး သိုလှောင်ရုံတွင် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ထားရှိသည့်အခြေအနေအားကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှလာရောက်ကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံး သိုလှောင်ရုံတွင် ကယ်ဆယ်ရေးပစ္စည်းအိမ်ထောင်စု(၅၀၀) သိုလှောင်ထားရှိ သည့်အခြေအနေအား ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ (၁၁-၅-၂၀၂၃) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_may2023 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး သိုလှောင်ရုံတွင် ကယ်ဆယ်ရေးပစ္စည်း များ သိုလှောင်ထားရှိမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လာရောက်ကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး သိုလှောင်ရုံတွင် ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု (၁၅၀၀) သိုလှောင်ထား ရှိသည့်အခြေအနေအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ (၁၁-၅-၂၀၂၃) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #ygn_may2023

  • ပုသိမ်မြို့နယ်၊ ​ရှောပြာ​ကျေးရွာအုပ်စု၊ အိုးဘိုကုန်း​ကျေးရွာ၌ တောဆင်ရိုင်းနင်း၍ သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၀-၅-၂၀၂၃)ရက်​နေ့တွင် ပုသိမ်မြို့နယ်၊ ​ရှောပြာ​ကျေးရွာအုပ်စု၊ အိုးဘိုကုန်း​ကျေးရွာကွင်းထဲတွင် လယ်ကြွက်ရှာ​ဖွေရာမှ ​တောဆင်ရိုင်းနင်းသတ်ခံရ၍ ​သေဆုံးသူ (၁) ဦးအတွက်​ထောက်ပံ့​ငွေ (၃၀၀,၀၀ဝ/-)ကျပ်အား (၁၁-၅-၂၀၂၃)ရက်​နေ့၊ (၁၅း၃၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ တာ၀န်ရှိသူများ၏​ရှေ့​မှောက်၌ ​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_may2023

  • ဘားအံမြို့၊ မဲဘောင်ဈေး၊ သီရိဈေး၊ အမှတ် (၁) စံပြဈေးနှင့် မြို့မဈေးကြီးတို့၌ မုန်တိုင်းဘေးနှင့် လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ဘားအံခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  (၁၀-၅-၂၀၂၃)ရက်နေ့၊ (၀၇:၀၀) အချိန်မှ (၀၉:၃၀)နာရီအချိန်အထိ ဘားအံမြို့၊ မဲဘောင်ဈေး၊ သီရိဈေး၊ အမှတ်(၁)စံပြဈေးနှင့် မြို့မ ဈေးကြီးတို့တွင် မုန်တိုင်းဘေးနှင့် လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ ဘားအံပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyn_may2023

  • မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြန်မာ နိုင်ငံကြက်ခြေနီအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍  (၁၁-၅-၂၀၂၃) ရက်နေ့ (၀၉:၀၀) နာရီအချိန်၌ ထားဝယ် မြို့နယ်၊ လူစည်ကားရာ စည်ပင်သာယာဈေးကြီးလမ်းဆုံနှင့် ဥတ္တားကြီးလမ်းဆုံအနီးတဝိုက်ရှိ ဒေသခံ ပြည်သူများ အား ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ခြင်းနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း … Read more

  • မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်၊ ကြက်ခြေနီ အသင်းတို့နှင့်ပူးပေါင်း၍ (၉-၅-၂၀၂၃) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်၊ ကော့ပရံ ကျေးရွာ၊ ကတုံးပေါ် ကျေးရွာနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာများတွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #mon_may2023