လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၀-၅-၂၀၂၃)ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာကွင်းထဲတွင် လယ်ကြွက်ရှာဖွေရာမှ တောဆင်ရိုင်းနင်းသတ်ခံရ၍ သေဆုံးသူ (၁) ဦးအတွက်ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်အား (၁၁-၅-၂၀၂၃)ရက်နေ့၊ (၁၅း၃၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူများ၏ရှေ့မှောက်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#ayy_may2023