ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကသာမြို့၊ညဈေးတန်းနှင့် သဖန်းကိုင်းရပ်ကွက်တို့တွင် မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၃)ရက်နေ့၊ညနေ(၁၆:၀၀)နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ ကသာမြို့၊ညဈေးတန်းနှင့် သဖန်းကိုင်းရပ်ကွက်တို့တွင် ပြည်သူများအတွက် မုန်တိုင်းဘေးအသိပညာပေးလက်ကမ်းစာစောင် (၁၀၀)ခု ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2023 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကျုံပျော်ခရိုင်၊ ကျောင်းကုန်း မြို့၊  (လှေကွဲလဟာ၊ မကျီးပင်ကွင်း၊ ရွာသာကုန်း )ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၄ )ရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်း မြို့၊  (လှေကွဲလဟာ၊ မကျီးပင်ကွင်း၊ ရွာသာကုန်း )ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၄ )ရွာ၌ (၁၁-၅-၂၀၂၃) ရက်နေ့(၁၆း၂၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် (သွပ်မိုး/ဓနိမိုး၊ ထရံကာ) ပြိုကျ/ ပျက်စီးနေအိမ်(၂)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ( ၂၀၀,၀၀၀/-)၊ တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ်(၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး( ၆၀,၀၀၀/-)၊ အိမ်ထောင်စု (၅)စုမှ စုစုပေါင်းလူဦး ရေ(၂၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာရန်ပုံငွေ ( ၄၆,၂၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ ( ၃၀၆,၂၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၂) … Read more

  • မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃.၅.၂၀၂၃)ရက်နေ့(၁၀း၃၀)နာရီအချိန်၌ ကျုံပျော်ရိုင်၊ ကျုံပျော်မြို့၊ ပျဉ်းမပင်လှကျေးရွာအုပ်စု၊ဇီးကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေကျပ် (၃၀၀၀၀၀ိ/)တိတိအား (၁၃-၅-၂၀၂၃) ရက်နေ့ (၁၄း၂၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ သေဆုံးသူ၏ မိသားစုဝင်များ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #aya_may2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကသာမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့်ဈေးများတွင် မုန်တိုင်းဘေးအန္တရာယ်အား ပြည်သူများ ကြိုတင်သတိပြုနိုင်ရန် ဆောင်ရန်၊ရှောင်ရန်များကို အသိပေးနှိုးဆော်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၃)ရက်နေ့နှင့် (၁၃-၅-၂၀၂၃)ရက်နေ့တို့တွင် ညနေ (၁၆:၃၀)နာရီအချိန်မှ (၁၈:၀၀)နာရီ အချိန်ထိ လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲလာသည့်အတွက် ကသာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ဈေးများတွင် ပြည်သူများ ကြိုတင်သတိပြုနိုင်ရန် ဆောင်ရန်၊ရှောင်ရန်များ စသည့် လိုအပ်သည်များဆောင်ရွက်နိုင်ရန်နှင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍  အသိပေးတိုက်တွန်းနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • ကသာမြို့၊ ဘူတာဈေးတွင် မုန်တိုင်းဘေးနှင့် လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တို့နှင့်ပူးပေါင်း၍  (၁၃-၅-၂၀၂၃)ရက်နေ့၊ ညနေ (၄:၃၀) နာရီ အချိန်မှ (၀၆:၀၀)နာရီအချိန်အထိ ကသာမြို့၊ ဘူတာဈေးတွင် မုန်တိုင်းဘေးနှင့် လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_may2023

  • နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား Hand Speaker များဖြင့် လှည့်လည်နှိုးဆော်ခြင်းနှင့် ပြည်သူလူထုအား မုန်တိုင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #mdy_may2023 Source: နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)