လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်း မြို့၊ (လှေကွဲလဟာ၊ မကျီးပင်ကွင်း၊ ရွာသာကုန်း )ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၄ )ရွာ၌ (၁၁-၅-၂၀၂၃) ရက်နေ့(၁၆း၂၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် (သွပ်မိုး/ဓနိမိုး၊ ထရံကာ) ပြိုကျ/ ပျက်စီးနေအိမ်(၂)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ( ၂၀၀,၀၀၀/-)၊ တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ်(၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး( ၆၀,၀၀၀/-)၊ အိမ်ထောင်စု (၅)စုမှ စုစုပေါင်းလူဦး ရေ(၂၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာရန်ပုံငွေ ( ၄၆,၂၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ ( ၃၀၆,၂၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၂) အိမ် ထောင်စာတို့အား(၁၃-၅-၂၀၂၃) ရက်နေ့ (၁၀း၂၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရေကြည်မြို့နယ် ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_may2023