ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းတောင်ပိုင်း၊ ရုံးပေါင်းစုံ(၆)လမ်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းတောင်ပိုင်း၊ ရုံးပေါင်းစုံ(၆)လမ်း၌ (၁၃-၅-၂၀၂၃)ရက်နေ့၊ (၁၅:၅၀)အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၀၀,၀ဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေကျပ်(၁၆၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၁၆၈၀ဝိ/-)အား (၂၃-၅-၂၀၂၃)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_str #ygn_may2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘေးစီမံ)

  • ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၉) ရပ်ကွက် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ညောင်ပင်လမ်း၌ (၁၄-၅-၂၀၂၃)ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်ပေါ်သို့ အုန်းပင်လဲကျခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၅၀,၀ဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေကျပ်(၄၂၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၅၄၂၀ဝိ/-)တို့အား (၂၃-၅-၂၀၂၃)ရက်နေ့၊ (၁၁:၀၀)အချိန်နာရီတွင် မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_str #ygn_may2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘေးစီမံ)

  • ဘားအံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  ဘားအံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝ/-)နှင့် လူဦးရေ (၅)ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၀,၅၀ဝ/-)၊ စုစုပေါင်း(၄၀,၅၀ဝ/-)ကျပ်တို့အား (၂၀-၅-၂၀၂၃) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘားအံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #krn_may2023

  • လေပြင်းဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၃)ရက်နေ့တွင် ဘားအံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ လူနေအိမ်(၇)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၇)စုနှင့် လူဦးရေ(၃၄)ဦးတို့ ဘေးသင့်ခဲ့သည့်အတွက် အဆိုပါလူနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၁၀,၀၀ဝိ/-)နှင့် လူဦးရေ(၃၄)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၁,၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၁,၄၀ဝိ/-)အား (၁၉-၅-၂၀၂၃)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_may_2023 Source: ဘားအံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • တွံတေးခရိုင်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံတေးခရိုင်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်၊ ဦးထွန်းအိုရပ်ကွက်၊ သခင်ဘသောင်းရပ်ကွက်၊ ချောင်းဝိုင်းလေးရပ်ကွက်၊ ဆမားဒူးဝါးရပ်ကွက်၊ ဆိတ်ကြီးအရှေ့ရပ်ကွက်၊ ဆိတ်ကြီးအနောက်ရပ်ကွက်နှင့် ပန်းပင်ချောင်းရပ်ကွက်တို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင်    လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၀) လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁၀)စု၊ လူဦးရေ (၃၈) ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေဘေးသင့်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၂၅၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး (၇၉၈၀ဝိ/)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၄၈၀ဝိ/) အား (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၃၀)အချိန်တွင်  … Read more

  • တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  တွံတေးခရိုင်၊ ဒလမြို့နယ်၊ ရခိုင်ချောင်းတောင်ရပ်ကွက်၊ ရခိုင်ချောင်းမြောက်ရပ်ကွက်၊ ခနောင်းရွာမကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက်၊ အံ့ကြီးအရှေ့ရပ်ကွက်၊ အံ့ကြီးအနောက်ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင်    လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၅၇)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေဘေးသင့်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၄၀၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး (၁၁၉၇၀ဝိ/)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၉၇၀ဝိ/)   အား (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်တွင်  ပြည်သူများ၏      လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more