လေပြင်းဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၃)ရက်နေ့တွင် ဘားအံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ လူနေအိမ်(၇)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၇)စုနှင့် လူဦးရေ(၃၄)ဦးတို့ ဘေးသင့်ခဲ့သည့်အတွက် အဆိုပါလူနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၁၀,၀၀ဝိ/-)နှင့် လူဦးရေ(၃၄)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၁,၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၁,၄၀ဝိ/-)အား (၁၉-၅-၂၀၂၃)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#krn_may_2023
Source:
ဘားအံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events