ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးထောက်ပံ့ပြီးစီးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၃) ရက်နေ့၌ ကျုံပျာ်ခရိုင်၊ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်၊ သဟာရဝင်းတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၁)လုံးအတွက် အိမ်ဆာက်ပစ္စည်းဖိုး(၅၀၀၀၀/-) အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦး အတွက်ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၁၄၇၀ဝ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၆၄၇၀၀/)အား (၂၈-၇-၂၀၂၃)ရက်နေ (၁၄း၀၀) နာရီအချိန် တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၇-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကျုံပါကျေးရွာ၊ သိမ်ကုန်းရပ်ကွက် နှင့်နန်းခဲရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်လူနေအိမ် (၇) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀၀ိ/-)၊ သီလရှင်ကျောင်းဆောင် (၁)ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀ိ/-)နှင့် စုစုပေါင်းသီလရှင်နှင့်လူဦးရေ (၃၂)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၆၇၂၀၀ိ/-)၊ စုစုပေါင်း (၄၆၇၂၀၀ိ/-)အားလည်းကောင်း၊ ဒဏ်ရာရရှိသူ(၅)ဦးတို့အတွက် ထောက်ပံ့ငွေ(၂၅၀၀၀၀ိ/-)အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ (၇၁၇၂၀၀ိ/-)တို့အား (၂-၈-၂၀၂၃)ရက်နေ့၊ (၁၃း၃၀)နာရီအချိန်ခန့်တွင် ဘေးသင့်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_aug_2023 … Read more

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာ ဝန်ရှိသူများသည် (၆.၇.၂၀၂၃) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ ရေကန်အော်ကျေးရွာ၌ မိုးသက်လေပြင်းကျရောက်၍ မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသား(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀ိ/-) ကျပ်အား (၃၁.၇.၂၀၂၃)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #tny_july_2023 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်း‌ဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း၌ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၃)ရက်နေ့ (၁၆:၀၀)အချိန် ခန့်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသန်းမှုကြောင့် မာဂရီချောင်းရေလျှံ၍ ရေဘေးသင့်ခဲ့သည့် တိုက်ကြီးမြို့နယ်အတွင်းရှိ ဖလုံဘူတာ ကျေးရွာအုပ်စု၊ ဃောတိကာရုံဘုန်းကြီး ကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေ(၇၂၈)၊ အိမ်ထောင်စု(၇၂၅)၊ လူဦး ရေ ကျား(၁၁၄၅)၊ မ(၁၄၂၁)၊ ပေါင်း(၂၅၆၆) ဦးအားလည်းကောင်း၊ ဖလုံကံကုန်းကျေးရွာအုပ်စု၊ အောင်စေတီဘုန်းတော်ကြီး ကျောင်းတွင် ယာယီပြောင်း ရွှေ့နေထိုင်သည့် အိမ်ခြေ(၁၈၂)၊ အိမ်ထောင်စု(၁၈၂)၊ လူဦးရေကျား(၄၈၀)၊ မ(၄၉၂)၊ ပေါင်း(၉၇၂)ဦး  အားလည်းကောင်း၊ ဥတိုကျေးရွာအုပ်စု၊ … Read more

  • မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်အမိုးပြိုကျမှုအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၃၁-၇-၂၀၂၃)ရက်နေ့ (၁၆း၀၀)အချိန်တွင်ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်အမိုးပြိုကျခဲ့သဖြင့် အမိုးသွပ်(၁၆)ချပ်နှင့် သွပ်တန်း(၃)ချောင်း တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်​အ​တွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀ိ/-)နှင့် လူဦးရေ(၄)ဦးအတွက်(၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၈၄၀၀ိ/-)၊ စုစုပေါင်းကျပ်(၅၈၄၀၀ိ/-)အား(၂-၈-၂၀၂၃)ရက်နေ့ (၁၂း၀၀)အချိန်တွင်ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #Mon_aug_2023 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၁၊ ဗိုလ်မှူးအောင်မျိုးသူနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် ( ၁- ၈- ၂၀၂၃)ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့် ပြိုကျနေအိမ်(၄) လုံး၊ အမိုးလန်နေအိမ်(၃) လုံး၊ စုစုပေါင်းနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၉၀၀၀၀/-)နှင့် လူဦးရေ(၂၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၄၈၃၀၀/-)၊ စုစုပေါင်း (၅၃၈၃၀၀)အား (၂ – ၈ -၂၀၂၃) ရက်နေ့ (၁၁း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #aya_aug_2023 Source: … Read more