လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၃)ရက်နေ့ (၁၆:၀၀)အချိန် ခန့်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသန်းမှုကြောင့် မာဂရီချောင်းရေလျှံ၍ ရေဘေးသင့်ခဲ့သည့် တိုက်ကြီးမြို့နယ်အတွင်းရှိ ဖလုံဘူတာ ကျေးရွာအုပ်စု၊ ဃောတိကာရုံဘုန်းကြီး ကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေ(၇၂၈)၊ အိမ်ထောင်စု(၇၂၅)၊ လူဦး ရေ ကျား(၁၁၄၅)၊ မ(၁၄၂၁)၊ ပေါင်း(၂၅၆၆) ဦးအားလည်းကောင်း၊ ဖလုံကံကုန်းကျေးရွာအုပ်စု၊ အောင်စေတီဘုန်းတော်ကြီး ကျောင်းတွင် ယာယီပြောင်း ရွှေ့နေထိုင်သည့် အိမ်ခြေ(၁၈၂)၊ အိမ်ထောင်စု(၁၈၂)၊ လူဦးရေကျား(၄၈၀)၊ မ(၄၉၂)၊ ပေါင်း(၉၇၂)ဦး အားလည်းကောင်း၊ ဥတိုကျေးရွာအုပ်စု၊ စိတ္တသုခဘုန်းတော်ကြီးကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေ(၅၂)၊ အိမ်ထောင်စု(၅၂)၊ လူဦးရေကျား(၁၁၆)၊ မ(၁၃၅)၊ ပေါင်း(၂၅၁)ဦးအား လည်းကောင်း၊ အုပ်ပုံကျေးရွာအုပ်စု၊ ရတနာအုပ်ပုံ ဘုန်းတော်ကြီးကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေ(၁၂)၊ အိမ်ထောင်စု(၁၂)၊ လူဦးရေကျား(၅၀)၊ မ(၄၃)၊ ပေါင်း (၉၃)ဦးအားလည်းကောင်း၊ စုစုပေါင်းအိမ်ခြေ(၉၇၁)၊ အိမ်ထောင်စု(၉၇၁)၊ လူဦးရေကျား(၁၇၉၁)ဦး၊ မ(၂၀၉၁)ဦး၊ စုစုပေါင်း (၃၈၈၂)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၈,၁၅၂,၂၀ဝ/-)အား (၃၁-၇-၂၀၂၃)ရက်နေ့ (၁၆:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#ygn_aug_2023
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)