Latest News
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၁၀-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၀-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။ စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀) ပင် စိုက်ပျိုးရန်လျာထားပြီး (၁၂၆,၂၆၉) ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။ … Read more
-
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အ.ထ.က (ဘဲဂရက်) ၌ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၈.၂၀၂၃) ရက်နေ့၌ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အ.ထ.က(ဘဲဂရက်)တွင် Grade(7)၊ Grade(8)၊ Grade(9)မှ ကျောင်းသား/သူ (၁၉၀)ဦးနှင့် ဆရာ/ဆရာမများအားဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာ၀ဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်းနှင့် ခရိုင်ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာများအား နံနက်(၁၃း၀၀) နာရီမှ (၁၅း၀၀)နာရီအထိ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug_2023 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၉-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၉-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိ ပြီဖြစ်ပါသည်။ စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာထားပြီး (၁၂၆,၂၆၉)ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။ ရပ်ရွာသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် ရဲတပ်ဖွဲ့ဝင် … Read more
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၈.၂၀၂၃)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ လူမှုဝန်ထမ်းမူကြိုကျောင်း၌ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ဖွင်လှစ်ခဲ့ပြီး အဆိုပါသင်တန်းအား (၃) ရက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_ar #tny_aug_2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မင်းလှမြို့နယ်၊ ဒီလှိုင်းကျေးရွာအုပ်စု/ရွာနှင့် ရွှေလောင်းကျေးရွာအုပ်စု/ရွာ လေဘေးတို့အတွက် ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ဒီလှိုင်းကျေးရွာအုပ်စု/ရွာနှင့် ရွှေလောင်းကျေးရွာအုပ်စု/ရွာတို့၌ (၈-၈-၂၀၂၃)ရက်နေ့ (၀၈:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် အမိုးလန် လူနေအိမ် (၆)လုံးတို့အတွက် ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀,၀၀ဝ/-) လူဦးရေ (၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၇၃,၁၀ဝ/-) ကျပ်တို့အား (၉-၈-၂၀၂၃)ရက်နေ့၊(၁၅:၀၀)နာရီအချိန်တွင် မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်ထွေ/အုပ်အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း … Read more
-
လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၈-၈-၂၀၂၃) ရက်နေ့တွင်မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်နှင့် ဂေါ့ကျေးရွာအုပ်စုတို့တွင်မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်အမိုးလန်ပျက်စီးခဲ့သည့်လူနေအိမ် (၃)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀ိ/-)၊ ပြိုကျ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)နှင့် စုစုပေါင်းလူဦးရေ (၂၅)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂,၅၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၃၂၂,၅၀၀ိ/-)နှင့် (၁၃၈,၂၇၃ိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းတို့အား (၉-၈-၂၀၂၃)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_aug_2023 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)









