Latest News
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၁၈-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှု အခြေအနေ (အစီရင်ခံစာအမှတ်စဉ်-၉၈)
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၇-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး / ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။ စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာထားပြီး (၁၂၆,၂၆၉) ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။ … Read more
-
ပျဥ်းမနားမြို့နယ်၊ စျေးကုန်း (အ.လ.က-ခွဲ)စာသင်ကျောင်းနှင့် ဆင်သေ (အ.ထ.က-ခွဲ)စာသင်ကျောင်းများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၃)ရက်နေ့ (၉း၃၀)အချိန်မှ (၁၁း၃၀)အချိန်ထိ ပျဥ်းမနားမြို့နယ်၊ စျေးကုန်း အ.လ.က(ခွဲ)စာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦး၊ (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ၊ ဆင်သေ အ.ထ.က (ခွဲ)စာသင်ကျောင်းတွင် ကျောင်းသား/ သူ(၁၀၀)ဦးစုစုပေါင်း ကျောင်းသား/သူ (၂၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ရေတိုက်စားပြီးကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့သည့်နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၃)ရက်နေ့ (၉၀း၀၀)အချိန်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်း ကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ရေတိုက်စားပြီးကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့သည့် လူနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၈၀၀,၀၀၀/-)နှင့် လူဦးရေ(၄၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၈၈,၂၀၀/-)၊ စုစုပေါင်းကျပ်(၈၈၈,၂၀၀/-)အား (၁၈-၈-၂၀၂၃)ရက်နေ့ (၁၃း၀၀)အချိန်တွင် ဘေးသင့် ပြည်သူများလက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mon_aug2023 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၁၇-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှု အခြေအနေ(အစီရင်ခံစာအမှတ်စဉ်-၉၇)
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၇-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။ စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀) ပင် စိုက်ပျိုးရန်လျာထားပြီး (၁၂၆,၂၆၉) ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။ … Read more
-
ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၉)စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၈.၂၀၂၃)ရက် နေ့၊(၁၀း၃၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ဇမ္ဗူ သီရိမြို့နယ်၊ အ.ထ.က(၉)စာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦး၊ (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ၊ အ.ထ.က (၁၀) စာသင်ကျောင်းတွင် ကျောင်းသား/ သူ(၁၀၀)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၂၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများ၊ ခဲတံနှင့် ဗလာ စာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npt_aug_2023 Source: ပြည်ထောင်စုနယ်မြေ၊ … Read more
-
ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မနကျေးရွာ၏ နောက်ဘက်အရပ်၊ မနမှော်သက်တမ်းကုန်လုပ်ကွက်ဟောင်း၊ အမြင့်ပေ(၁၀၀)ခန့်ရှိ မြေစာပုံမျှောပါမှုကြောင့် ဘေးသင့်ခဲ့သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မနကျေးရွာ၏ နောက်ဘက်အရပ်၊ မနမှော်သက်တမ်းကုန်လုပ်ကွက်ဟောင်း၊ အမြင့်ပေ(၁၀၀)ခန့်ရှိ မြေစာပုံသည် ရာသီဥတုအခြေအနေကြောင့် မျှောပါခဲ့ပြီး (၁၅-၈-၂၀၂၃) ရက်နေ့ (၁၇:၀၀) အချိန်ထိ ကိုယ်ရေးအချက်အလက်အချို့ စိစစ်သိရှိရသည့် ရေမဆေးကျောက်ရှာဖွေသူ (၁၈)ဦး သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့ပါသည်။ အဆိုပါရှာဖွေတွေ့ရှိသေဆုံးသူ(၁၈)ဦးတို့အတွက်(၁)ဦးလျှင် (၃၀၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၅,၄၀၀,၀၀ဝိ/-)နှင့် ဒဏ်ရာရရှိသူ (၇)ဦးတို့အတွက် (၁)ဦးလျှင်(၅၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၃၅၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၅,၇၅၀,၀၀ဝိ/-)အား (၁၆-၈-၂၀၂၃)ရက်နေ့(၁၇:၃၀)အချိန်တွင် ဖားကန့်မြို့နယ် စုပေါင်းရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ … Read more









