ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၉)စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၈.၂၀၂၃)ရက် နေ့၊(၁၀း၃၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ဇမ္ဗူ သီရိမြို့နယ်၊ အ.ထ.က(၉)စာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦး၊ (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ၊ အ.ထ.က (၁၀) စာသင်ကျောင်းတွင် ကျောင်းသား/ သူ(၁၀၀)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၂၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများ၊ ခဲတံနှင့် ဗလာ စာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#npt_aug_2023
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events