ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လယ်ဝေးမြို့နယ်၊ ပိတောက်ချောင် (အ.လ.က) စာသင်ကျောင်းနှင့် အောင်းကုန်း (အ.ထ.က-ခွဲ) စာသင်ကျောင်းများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၃)ရက်နေ့ (၁၀း၀၀)အချိန်မှ (၁၂း၀၀) အချိန်ထိ လယ်ဝေးမြို့နယ်၊ ပိတောက်ချောင် အ.လ.ကစာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦး၊ (၁၃း၃၀)အချိန်မှ (၁၅း၃၀)အချိန်ထိ၊‌ အောင်းကုန်းအ.ထ.က(ခွဲ) စာသင်ကျောင်း တွင် ကျောင်းသား/ သူ(၁၀၀)ဦးစုစုပေါင်း ကျောင်းသား/သူ (၂၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ … Read more

  • ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၃) ရက်နေ့ မွန်းလွဲ (၁၃း၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၆၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လယ်ဝေးမြို့နယ်၊ ကြို့ပင် (အ.မ.က) စာသင်ကျောင်းနှင့် ‌ကွေ့ကြီး (အ.မ.က) စာသင်ကျောင်းများတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၃) ရက်နေ့ ၊(၉း၃၀)အချိန်မှ (၁၁း၃၀) အချိန်ထိ လယ်ဝေးမြို့နယ်၊ ကြို့ပင် အ.မ.က စာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦး၊ (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ၊ ‌ကွေ့ကြီး အ.မ.က စာသင်ကျောင်းတွင် ကျောင်းသား/ သူ(၆၆)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၁၆၆)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကွင်းကျေးရွာရှိ တောဆင်ရိုင်းဝင် ရောက်တိုက်ခိုက်မှုကြောင့် ဘေးသင့်ခဲ့သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇-၈-၂၀၂၃) ရက်နေ့ (၁၃:၀၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကွင်း ကျေးရွာရှိ တောဆင်ရိုင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် သေဆုံးသူ(၁)ဦးအတွက် သေဆုံး ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)အား (၁၈-၈-၂၀၂၃)ရက်နေ့(၁၂:၃၀)အချိန်နာရီတွင် ပြည်သူများ၏ လက်ဝယ် အရောက်ထောက်ပံ့  ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_aug_2023 Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ သဲကုန်းကျေးရွာ၊ အောက်သဲကုန်းကျေးရွာ၌ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၈.၈.၂၀၂၃)ရက်နေ့ (၀၆:၀၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ သဲကုန်းကျေးရွာ၊  အောက်သဲကုန်း ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်တစ်စိတ်တစ်ပိုင်း (၁၂)လုံး၊ နေအိမ်ပြုကျပျက်စီး(၃)လုံး၊ စုစုပေါင်း အိမ်ခြေ(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စု၊ လူဦးရေကျား(၃၂)ဦး၊ မ(၃၃)ဦး၊ ပေါင်း (၆၅)ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၆,၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၃၆,၅၀ဝိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more

  • မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မနကျေးရွာ၏ နောက်ဘက်အရပ်၊ မနမှော်သက်တမ်းကုန် လုပ်ကွက် ဟောင်း၊ အမြင့်ပေ(၁၀၀)ခန့်ရှိ မြေစာပုံပြိုကျမှုကြောင့် ဘေးသင့်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာ ရပ်ကွက်၊ မနကျေးရွာ၏ နောက်ဘက် အရပ်၊ မနမှော်သက်တမ်းကုန်လုပ်ကွက်ဟောင်း၊ အမြင့်ပေ(၁၀၀) ခန့်ရှိ မြေစာပုံသည် (၁၃-၈-၂၀၂၃)ရက်နေ့၌ ရာသီဥတုအခြေအနေကြောင့် ပြိုကျခဲ့ရာ ရေမဆေး ကျောက်ရှာဖွေသူများ မျှောပါခဲ့ပြီး (၁၆-၈-၂၀၂၃) ရက်နေ့ (၁၇:၀၀) အချိန်ထိ သေဆုံးသူ (၃၃)ဦးအနက် ကိုယ်ရေးအချက်အလက်အချို့ ထပ်မံစိစစ်သိရှိရသည့် ရေမဆေးကျောက်ရှာဖွေသူ (၁၃)ဦးတို့အတွက် (၁)ဦးလျှင် (၃၀၀,၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃,၉၀၀,၀၀ဝိ/-)အား (၁၈-၈-၂၀၂၃)ရက်နေ့ (၁၅:၃၀)အချိန်တွင် … Read more