မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မနကျေးရွာ၏ နောက်ဘက်အရပ်၊ မနမှော်သက်တမ်းကုန် လုပ်ကွက် ဟောင်း၊ အမြင့်ပေ(၁၀၀)ခန့်ရှိ မြေစာပုံပြိုကျမှုကြောင့် ဘေးသင့်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာ ရပ်ကွက်၊ မနကျေးရွာ၏ နောက်ဘက် အရပ်၊ မနမှော်သက်တမ်းကုန်လုပ်ကွက်ဟောင်း၊ အမြင့်ပေ(၁၀၀) ခန့်ရှိ မြေစာပုံသည် (၁၃-၈-၂၀၂၃)ရက်နေ့၌ ရာသီဥတုအခြေအနေကြောင့် ပြိုကျခဲ့ရာ ရေမဆေး ကျောက်ရှာဖွေသူများ မျှောပါခဲ့ပြီး (၁၆-၈-၂၀၂၃) ရက်နေ့ (၁၇:၀၀) အချိန်ထိ သေဆုံးသူ (၃၃)ဦးအနက် ကိုယ်ရေးအချက်အလက်အချို့ ထပ်မံစိစစ်သိရှိရသည့် ရေမဆေးကျောက်ရှာဖွေသူ (၁၃)ဦးတို့အတွက် (၁)ဦးလျှင် (၃၀၀,၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃,၉၀၀,၀၀ဝိ/-)အား (၁၈-၈-၂၀၂၃)ရက်နေ့ (၁၅:၃၀)အချိန်တွင် ဖားကန့်မြို့နယ် စုပေါင်းရုံး၌ အေးမြသာယာရပ်ကွက်၊ မနကျေးရွာတာဝန်ရှိသူများနှင့် အတူ ဘေးသင့်သူမိသားစုဝင်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#ha_otr

#kcn_aug_2023

Source:  ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events