Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာ သီရိရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ သာယာအေးရပ်ကွက်နှင့် လှိုင်ရပ်ကွက်များသို့ COVID-19 ကူးစက် ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားခဲ့ပြီး COVID-19 ကူးစက်ရောဂါအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_apr2020
-
သံတွဲခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရက္ခိတလူမှုကူညီရေးအသင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁-၃-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ သံတွဲမြို့နယ်၊ သာယာကွင်းကျေးရွာ၊ ကျားကိုက်ကျေးရွာ၊ မြုံချောင်ရွာသစ်ကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ပဒဲကောအတွင်းလှည့်လည်ပြီးကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအား ပြည်သူလူထုသို့အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်တွင် ပြည်တော်ပြန် (၁၂) ဦးတိုး၍ စုစုပေါင်း (၁၄)ဦးကို (၁၄)ရက် စောင့်ကြည့်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခြင်း၊ မိုင်းပျဉ်းမြို့၊ အောက်စျေးတန်းရပ်ကွက်နှင့် ဆီပန်ဆိုင်များတွင် ပြည်သူများအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မိုင်းပျဉ်းမြို့၊ မြို့အဝင်အထွက်များတွင် ခရီးသည်များကိုအပူချိန်တိုင်းတာခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း covid-19 ရေားဂါနှင့် ပတ်သတ်သေား ဆောင်ရန်/ရှောင်ရန်များ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများ ကြိုတင်ညှိနှိုင်း ဆွေးနွေး
မတ်လ၊ ၃၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနက ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများ ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး၌ ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက COVID -19 ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ပြည်ပ နိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Based Facility … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၈-၃-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ကိုင်းတောစု ကျေးရွာ (ရွှေကြာအင်း)အနီးတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)စာဖိုးထောက် ပံ့ငွေ(၂၅၂၀ဝ/-)ကျပ်စုစုပေါင်းထောက်ပံ့ငွေ(၃၂၅၂၀ဝ/-)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးပါ(၃)အိမ် ထောင်စာတို့အား(၃၁-၃-၂၀၂၀)ရက်နေ့(၁၁:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မီးဘေးသင့်ပြည်သူများ၏လက်ဝယ် အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_apr2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၃:၃၀) နာရီအချိန်ထိ ဖာပွန်မြို့နယ်ရှိ မဲသလွတ်ကျေးရွာ၊ ဝှေနောင်ကျေးရွာ၊ ကုလားကိုင်း ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ဝှေမှုန်ကျေးရွာတို့တွင် အသံချဲ့စက်ဖြင့် COVID-19 ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သတ်သည့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်ပက်သက်၍ ဆောင်ရန် / ရှောင်ရန်များအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁-၄-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀) နာရီမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အရှေ့ပျံကျကျေးရွာ၊ ကျောက်စစ်ပုံတောင်ရွာ ၊ရောင်တော်ထုံးကျေးရွာ၊ ကံပြားကြီးရွာ ၊သာစည်ရွာ၊ တဲကြီးကုန်း ကျေးရွာ၊ အင်တိုင်းကျေးရွာ၊ ရေကန်စုကျေးရွာ၊ ကိုးပင်ကျေးရွာများတွင် COVID-19 ရောဂါ ကူးစက်မှုမပြန့်ပွားရေးအတွက် ဆောင်ရန် / ရှောင်ရန်များအား အသိပညာ ပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီမှ (၁၃:၀၀) နာရီအချိန်ထိ ရေစကြိုမြို့၊ မြေဖြူ-မုံညင်းကျေးရွာအုပ်စု၊ မြေဖြူကျေးရွာ၊ မုံညင်းကျေးရွာ နှင့် ဖူလုံကျေးရွာများသို့ COVID-19 ောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင် ရွက်ရန်များ အသိပေးကြေညာဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_apr2020
-
COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ ကာနကျေးရွာ၊ တောင်ညိုကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ မယ်နင်ကျေးရွာ၊ နောင်ဖော့ကျေးရွာနှင့် ကျီန်းတောကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက် အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်း နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr 2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် မင်းဘူး မြို့နယ်၊ ကြာကန်ကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ နန်းဦးကျေးရွာနှင့် လေးအိမ်တန်ကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_apr2020









