လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁-၄-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀) နာရီမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အရှေ့ပျံကျကျေးရွာ၊ ကျောက်စစ်ပုံတောင်ရွာ ၊ရောင်တော်ထုံးကျေးရွာ၊ ကံပြားကြီးရွာ ၊သာစည်ရွာ၊ တဲကြီးကုန်း ကျေးရွာ၊ အင်တိုင်းကျေးရွာ၊ ရေကန်စုကျေးရွာ၊ ကိုးပင်ကျေးရွာများတွင် COVID-19 ရောဂါ ကူးစက်မှုမပြန့်ပွားရေးအတွက် ဆောင်ရန် / ရှောင်ရန်များအား အသိပညာ ပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_apr2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)