လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၃:၃၀) နာရီအချိန်ထိ ဖာပွန်မြို့နယ်ရှိ မဲသလွတ်ကျေးရွာ၊ ဝှေနောင်ကျေးရွာ၊ ကုလားကိုင်း ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ဝှေမှုန်ကျေးရွာတို့တွင် အသံချဲ့စက်ဖြင့် COVID-19 ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သတ်သည့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#krn_apr2020