လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာ သီရိရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ သာယာအေးရပ်ကွက်နှင့် လှိုင်ရပ်ကွက်များသို့ COVID-19 ကူးစက် ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားခဲ့ပြီး COVID-19 ကူးစက်ရောဂါအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#mon_apr2020