မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်တွင် ပြည်တော်ပြန် (၁၂) ဦးတိုး၍ စုစုပေါင်း (၁၄)ဦးကို (၁၄)ရက် စောင့်ကြည့်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခြင်း၊ မိုင်းပျဉ်းမြို့၊ အောက်စျေးတန်းရပ်ကွက်နှင့် ဆီပန်ဆိုင်များတွင် ပြည်သူများအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မိုင်းပျဉ်းမြို့၊ မြို့အဝင်အထွက်များတွင် ခရီးသည်များကိုအပူချိန်တိုင်းတာခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း covid-19 ရေားဂါနှင့် ပတ်သတ်သေား ဆောင်ရန်/ရှောင်ရန်များ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events