Category Archives: News
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၄.၂၀၂၀) ရက်နေ့ ကော့သောင်းမြို့၊ချောင်းဝကျေးရွာ အတွင်းရှိ ပြည်သူများအား covid19 ရောဂါနှင့်ပက်သက်၍အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speaker ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ပန်ကြားချက် အသိပညာပေးလုပ်ငန်း များဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့တွင် တောင်ကြီး မြို့နယ်၊ ပင်စုံကျေးရွာ၊ ကက္ကူကျေးရွာ၊ ပုံးလောင်းကျေးရွာ၊ ဟိုတင့်ကျေးရွာ၊ ဥယျာဉ်(ရှမ်း)ကျေးရွာနှင့် ဘန်းယဉ်မြို့များသို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 နှင့် ပတ်သက်၍ ကြိုတင် ကာကွယ်နိုင်ရေး ပြည်သူသို့ပန်ကြားချက် အသိပညာပေးမှုကို အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောပြီး အသိပညာပေးပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ပန်ကြားချက် အသိပညာပေးလုပ်ငန်း များဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀ )ရက်နေ့တွင် တောင်ကြီးမြို့နယ် ၊နောင်ပစ်ကျေးရွာ၊ ပုံဆွေပင်ကျေးရွာ၊ ဝင်းယကျေးရွာ၊ ဝါးလှကျေးရွာ၊ ထီးရီကျေးရွာနှင့် ဟမ်းဆီးကျေးရွာ များသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 နှင့် ပတ်သက်၍ ကြိုတင် ကာကွယ်နိုင်ရေး ပြည်သူသို့ပန်ကြားချက် အသိပညာပေးမှုကို အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောပြီး အသိပညာပေးပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက် များအသိပညာပေးဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀)နေ့တွင် မိတ္ထီလာမြို့နယ်၊ လျော်ဖြူကန်အုပ်စု၊ ကဖြူအုပ်စုနှင် ရှမ်းတဲအုပ်စုတို့၏ ကျေးရွာခွဲများရှိပြည်သူများအား COVid-19နှင့် ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်အချက်များ၊ ဥပဒေများ၊ ပြည်သူများလိုက်နာဆောင်ရွက်ရန် အချက် များကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများ၊ ရှမ်းတဲမေတ္တာလူမှုကူညီရေးအသင်းနှင့်အတူ လိုက်လံ အသိပညာပေးဆော်ဩခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြိုနယ်၊ ကယ်လိုပိန်းကျးရွာနှင့် နန်းနွမ်ကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့် ပူးပေါင်း၍ ဗမာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များဝေငှခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့တွင် (၁၁:၀၀) နာရီ ၌ ဘိုကလေးမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာတွင်လည်းကောင်း၊ (၁၃:၀၀) နာရီ၌ ငါးအိမ်တန်းကျေးရွာတွင် လည်းကောင်း၊ (၁၄:၃၀) နာရီ၌ ဇီးကုန်းကျေးရွာတွင်လည်းကောင်း၊ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအသိပညာပေးနှိုးဆော်ခြင်းကို ကျန်းမာရေးဌာန မှ တာဝန်ရှိသူများ၊ ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိ ပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: … Read more
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၁-၄-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၇:၀၀)နာရီအချိန်အထိ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း၌ ယာဉ်ဝင်/ထွက်တို့တွင် စီးနင်းလိုက်ပါလာသောခရီးသည်များအား ကိုယ်အပူချိန် တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာ၊ လေးကျွန်း ဆီမီးကျေးရွာနှင့် ပုတ္တန်းကျေးရွာများတွင် (COVID – 19) ရောဂါကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိ ပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေးလှည့်လည်ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့ (၀၇:၀၀)အချိန်မှ (၁၃:၀၀) အချိန်ထိ ပခုက္ကူမြို့နယ်၊ လယ်ယာကြီးကျေးရွာအုပ်စု၊ လယ်ယာကြီးကျေးရွာ၊ လယ်ယာ (အရှေ့စု) ကျေးရွာ၊ လယ်ယာ(အနောက်စု)ကျေးရွာ၊ ဆင်လမ်းကျေးရွာများသို့ သွားရောက်အသိပညာ ပေးခြင်းနှင့် နေ့စဉ် (၁၉:၀၀)အချိန်မှ (၂၁:၀၀)အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များ သို့ COVID -19 ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: … Read more
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယ လူမှုအထောက်အကူပြုအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၁-၄-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၄:၃၀)နာရီအချိန်အထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာ၊ ကျွန်းဒတ်ကျေးရွာနှင့် ရေရှင်မကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူသို့ အသိပညာပေးပန်ကြားချက်ကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)









