လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀)နေ့တွင် မိတ္ထီလာမြို့နယ်၊ လျော်ဖြူကန်အုပ်စု၊ ကဖြူအုပ်စုနှင် ရှမ်းတဲအုပ်စုတို့၏ ကျေးရွာခွဲများရှိပြည်သူများအား COVid-19နှင့် ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်အချက်များ၊ ဥပဒေများ၊ ပြည်သူများလိုက်နာဆောင်ရွက်ရန် အချက် များကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများ၊ ရှမ်းတဲမေတ္တာလူမှုကူညီရေးအသင်းနှင့်အတူ လိုက်လံ အသိပညာပေးဆော်ဩခဲ့ကြောင်း သိရှိရပါသည်။
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)