Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   မိုင်းပျဉ်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြိုနယ်၊ ကယ်လိုပိန်းကျးရွာနှင့် နန်းနွမ်ကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့် ပူးပေါင်း၍ ဗမာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များဝေငှခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_apr2020

Source:  မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events