လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့တွင် (၁၁:၀၀) နာရီ ၌ ဘိုကလေးမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာတွင်လည်းကောင်း၊ (၁၃:၀၀) နာရီ၌ ငါးအိမ်တန်းကျေးရွာတွင် လည်းကောင်း၊ (၁၄:၃၀) နာရီ၌ ဇီးကုန်းကျေးရွာတွင်လည်းကောင်း၊ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအသိပညာပေးနှိုးဆော်ခြင်းကို ကျန်းမာရေးဌာန မှ တာဝန်ရှိသူများ၊ ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိ ပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)