Category Archives: News
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ မဒိန်ကျေးရွာ၊ ခါဒန်ရပ်ကွက်၊ နောင်တာလောကျေးရွာတို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ် ညောင်တိုအုပ်စု၊ သမန်းကန်အုပ်စု၊ ပေါက်တောအုပ်စု၊ အင်းရွာအုပ်စု၊ ဆင်ဝင်အုပ်စု၊ ညောင်ရမ်းမြို့မအုပ်စု၊ သူကောင်းကုန်းအုပ်စုနှင့် အုတ်ကုန်းအုပ်စုတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများ၊ ရှမ်းတဲမေတ္တာလူမှုကူညီရေးအသင်းတို့နှင့်ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ပြည်သူများလိုက်နာဆောင်ရွက်ရန် ဥပဒေများကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့တွင် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကုန်းမြင့်သာယာရပ်ကွက်နှင့် မရင်းငယ်ဖျားကျေးရွာတို့၌ COVID 19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း တို့အား ရပ်ကျေးအဖွဲ့နှင့်ပူးပေါင်း၍သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့ (၂၀:၀၀)နာရီချိန်မှ စတင်၍ ဟင်္သာတမြို့နယ်အတွင်းရှိ လယ်တီရပ်ကွက်၊ လယ်တီမြို့သစ်ရပ်ကွက်နှင့် ပခန်းချောင်းရပ်ကွက်တို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ရပ်ကွက်/ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်တွင် (၀၉:၀၀)နာရီမှ(၁၅:၀၀)နာရီထိ စစ်တွေမြို့ပေါ်ရှိ တိုက်ပွဲရှောင်စုရပ်များဖြစ်သော ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ မဟာဇေယျသိဒ္ဓိပဌာန်းဘုန်းတော်ကြီးကျောင်း၊ ဒက္ခေါန်းကျောင်းတိုက်၊ မဏိရတနာကျောင်းတိုက်၊ ဃောသိတာရုံဘုန်းတော်ကြီးကျောင်း၊ ဆည်ကြီးဘုန်းတော်ကြီး ကျောင်းတိုက်၊ အမျိုးသားကျောင်းတိုက်များသို့သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး Handspeaker ဖြင့် ဆောင်ရန်၊ရှောင်ရန်များ အသိပေး ဆော်သြခဲ့ကြကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2020
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကျောက်ချောင်းကြီးကျေးရွာအုပ်စု၊ ကျောက်ချောင်းကြီးကျေးရွာနှင့် စက်ကုန်းကျေးရွာတို့၌လည်းကောင်း၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု ၊ ကြောင်ပန်းကုန်ကျေးရွာ၌လည်းကောင်း၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီဖျားကျေးရွာ၊ လှည်းကျော်ကုန်းကျေးရွာ၊ စိန်ကုန်းကျေးရွာ၊ သံဘက်လမ်းဆုံကျေးရွာ၌လည်းကောင်း၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာတို့၌လည်းကောင်း၊ ကြက်ပေါင်ကုန်းကျေးရွာအုပ်စု၊ ကြက်ပေါင်ကုန်းကျေးရွာနှင့် စာဖြူကုန်းကျေးရွာတို့၌လည်းကောင်း၊ ရေမနေပင်ကိုင်းကျေးရွာအုပ်စု၊ ရေမနေပင်ကိုင်းကျေးရွာ၊ တာပိုင်းရပ်ကွက်၊ ရေအိုးစင်ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်နှင့်အမှတ်(၁၀)ရပ်ကွက်တို့၌လည်းကောင်း၊ လတ်တလောနိုင်ငံအသီးသီးတွင်ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း … Read more
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀)ရက်နေ့ (၁၄၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၌ လည်းကောင်း၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ အုတ်စီကုန်းကျေးရွာ၌လည်းကောင်း၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းကျေးရွာ၌လည်းကောင်း၊ အမှတ်(၁၃)ရပ်ကွက်၊ ဆီဆုံကုန်းလမ်း၊ ကင်မလင်းကျွန်းလမ်း၊ ကောင်းသန့်ရေစက်လမ်း၊ ကုန်းကြီးကျေးရွာနှင့် မြက်တို၌လည်းကောင်း၊ မြို့ချောင်းကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ မြို့ချောင်းကျေးရွာတို့၌ လည်းကောင်း၊ အမှတ်(၁၅)ရပ်ကွက်၌လည်းကောင်း၊ ကိုးဆူကျေးရွာအုပ်စု၊ ကိုးဆူစံပြကျေးရွာ၊ သဲဂရက်ကျေးရွာ၊ ဖိုးရွှေမြကုန်းကျေးရွာတို့၌လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၌လည်းကောင်း၊ အမှတ်(၁၁)ရပ်ကွက်၊ နတခ၌လည်းကောင်း လတ်တလောနိုင်ငံအသီးသီးတွင်ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ … Read more
-
COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၁၂-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန် ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါးလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ် ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့ နံနက် (၀၇:၀၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ဆူးကောက်စမ်းကျေးရွာ၊ ရှားပင်လှကျေးရွာ၊ အောင်မြေကုန်း ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန တို့နှင့်အတူပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေးလှည့်လည်ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့ (၀၈:၀၀) အချိန်မှ (၂၁:ဝဝ) အချိန်ထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များနှင့် ကျွဲတဲကျေးရွာအုပ်စုရှိ ကျေးရွာ များသို့ COVID -19 ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးပန်ကြားချက် များနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ ပန်ကြားချက်များအား လှည့်လည်အသိပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)









