လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ် ညောင်တိုအုပ်စု၊ သမန်းကန်အုပ်စု၊ ပေါက်တောအုပ်စု၊ အင်းရွာအုပ်စု၊ ဆင်ဝင်အုပ်စု၊ ညောင်ရမ်းမြို့မအုပ်စု၊ သူကောင်းကုန်းအုပ်စုနှင့် အုတ်ကုန်းအုပ်စုတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများ၊ ရှမ်းတဲမေတ္တာလူမှုကူညီရေးအသင်းတို့နှင့်ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ပြည်သူများလိုက်နာဆောင်ရွက်ရန် ဥပဒေများကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_apr2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)