Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ်အတွင်း (၂၁-၄-၂၀၂၀) နေ့ဖြစ်ပွားသော လေဘေးတွင် လေဘေးဒဏ်သင့်ခဲ့သည့် သင်တောကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ အုန္နဲဘုတ်ကျေးရွာ၊ ဘင်ကျေးရွာတို့မှ အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၁၃၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၆၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၇၃၀၀၀) ကျပ်၊ စုစုပေါင်း (၉၂၃၀၀၀) ကျပ်တို့ကို (၂၃-၄-၂၀၂၀) နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် ဆားလင်းကြီးမြိူ့နယ်၊ ချောင်းရိုးကျေးရွာအုပ်စု၊ ရုံးပင်ရိုးကျေးရွာအုပ်စု၊ သမ္မတော ကျေးရွာအုပ်စု၊ လင်းစကျက်ကျေးရွာအုပ်စု၊ ကျိုင်းခမောက်ကျေးရွာအုပ်စု ၊ ဘုတ်စုကျေးရွာအုပ်စု၊ ရွာသမင်းကျေးရွာအုပ်စု၊ ပန်းထူးကျေးရွာအုပ်စုရှိ လေဘေးသင့်အိမ်ထောင်စုများဖြစ်သော အမိုး လန်နေအိမ်(၁၂၆)လုံး၊ ပြိုကျနေအိမ်(၃)လုံး၊ ဘုန်းကြီးကျောင်း(၈)ကျောင်းအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၆၂၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၂၉၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၇၄၉၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၃)အိမ်ထောင်စာ တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘာလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာအုပ်စု၊ ဟော်ခမ်းကျေးရွာနှင့် စောလံကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များအား အသိပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘာလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_ apr 2020
-
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဆိပ်ကလေးကျေးရွာ၊ ခလယ်စောကျေးရွာနှင့် ကွမ်ကသောင်ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား ကျေးရွာနေပြည်သူများထံ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် ပင်တိန်ကျေးရွာ၊ နောင်ပိန်ကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_ apr 2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မိုးနဲမြို့နယ်၊ လွိုင်မြေရပ်ကွက်၊ ဥယာဉ်ရပ်ကွက်၊ ပေါ့မိုင်ရပ်ကွက်၊ နာဟောင် ရပ်ကွက်၊ နောင်ကျော့ရပ်ကွက်များ၌ ယခုလတ်တလော ဖြစ်ပေါ်နေသော ကူးစက်မြန်ရောဂါ (COVID-19) နှင့်ပတ်သက်၍ ဗမာ၊ ရှမ်း (၂) ဘာသာဖြင့် အသိပညာပေးပန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ လင်းဖားကျေးရွာအုပ်စု၊ မိုင်းနောင် ကျေးရွာ၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် အမိုးလန်/တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၃) လုံးမှ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂၃,၁၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၃,၁၀ဝ/-) ကျပ်တို့အား (၂၃-၄-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှစ၍ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပိုးလောင်းဝကျေးရွာအုပ်စု၊ ပိုးလောင်းဝကျးရွာ၊ စမ်းချောင်းလေးကျေးရွာ၊ လင်းကွင်းကြီးကျေးရွာ၊ အရှေ့စုကျေးရွာ၊ မဲကျော်ကျေးရွာ၊ ဥယျာဉ်ကုန်းကျေးရွာ၊ နောင်စခန်းကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_ apr 2020
-
သရက်မြို့နယ်၊ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြတ်ပါရမီပရဟိတအသင်းတို့ပူးပေါင်း၍ (၂၃-၄-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်၊ သရက်တောကျေးရွာ၊ လေးတိုင်စင်(ဈေး)၊ သဲတောကျေးရွာ၊ နှင်းဆီမြိုင်ကျေးရွာ၊ မီးသွေးဖုတ်ကျေးရွာ(တောင်၊မြောက်၊ရှေ့၊နောက်)၊ ထုံးတောင်ကျေးရွာ၊ တောင်မင်းတည်းရပ်ကွက်နှင့် မြောက်မင်းတည်းရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ထား၀ယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဇဟာကျေးရွာနှင့် ပုလုကုံးကျေးရွာတို့တွင် အသံချဲ့စက်အသုံးပြု၍ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေငြာခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် ဦးစီးဌာန(ရုံးချုပ်)မှပေးပို့ထားသော အသံဖိုင်များဖြင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









