လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် ဆားလင်းကြီးမြိူ့နယ်၊ ချောင်းရိုးကျေးရွာအုပ်စု၊ ရုံးပင်ရိုးကျေးရွာအုပ်စု၊ သမ္မတော ကျေးရွာအုပ်စု၊ လင်းစကျက်ကျေးရွာအုပ်စု၊ ကျိုင်းခမောက်ကျေးရွာအုပ်စု ၊ ဘုတ်စုကျေးရွာအုပ်စု၊ ရွာသမင်းကျေးရွာအုပ်စု၊ ပန်းထူးကျေးရွာအုပ်စုရှိ လေဘေးသင့်အိမ်ထောင်စုများဖြစ်သော အမိုး လန်နေအိမ်(၁၂၆)လုံး၊ ပြိုကျနေအိမ်(၃)လုံး၊ ဘုန်းကြီးကျောင်း(၈)ကျောင်းအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၆၂၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၂၉၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၇၄၉၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၃)အိမ်ထောင်စာ တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)