COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထား၀ယ်ခရိုင်၊ ထား၀ယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဇဟာကျေးရွာနှင့် ပုလုကုံးကျေးရွာတို့တွင် အသံချဲ့စက်အသုံးပြု၍ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေငြာခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် ဦးစီးဌာန(ရုံးချုပ်)မှပေးပို့ထားသော အသံဖိုင်များဖြင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#tny_apr2020

Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events