လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ်အတွင်း (၂၁-၄-၂၀၂၀) နေ့ဖြစ်ပွားသော လေဘေးတွင် လေဘေးဒဏ်သင့်ခဲ့သည့် သင်တောကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ အုန္နဲဘုတ်ကျေးရွာ၊ ဘင်ကျေးရွာတို့မှ အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၁၃၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၆၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၇၃၀၀၀) ကျပ်၊ စုစုပေါင်း (၉၂၃၀၀၀) ကျပ်တို့ကို (၂၃-၄-၂၀၂၀) နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2020
Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)