လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြတ်ပါရမီပရဟိတအသင်းတို့ပူးပေါင်း၍ (၂၃-၄-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်၊ သရက်တောကျေးရွာ၊ လေးတိုင်စင်(ဈေး)၊ သဲတောကျေးရွာ၊ နှင်းဆီမြိုင်ကျေးရွာ၊ မီးသွေးဖုတ်ကျေးရွာ(တောင်၊မြောက်၊ရှေ့၊နောက်)၊ ထုံးတောင်ကျေးရွာ၊ တောင်မင်းတည်းရပ်ကွက်နှင့် မြောက်မင်းတည်းရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)