Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာအုပ်စု၊ သဲအိမ်ကျောင်းစုကျေးရွာတို့၌ (၂၆-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် (၃၄၇၅၃/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး စက္ကူပုံးပါ(၁)အိမ်ထောင်စာ၊ ဘေးသင့်ပြည်သူ (၃) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ် တို့ကို … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လဟာ ဂမုံကျေးရွာအုပ်စု၊ လဟာဂမုံကျေးရွာ၊ ထောက်ကြံ့ကွင်းကျေးရွာနှင့် ကုန်းစွန်းကျေးရွာတို့၌ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၂၈-၄-၂၀၂၀)ရက်နေ့၌ (၁၁:၃၀)နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr 2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့ (၀၃:၀၀) အချိန်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းရှိ ဆီအောကျေးရွာနှင့် ကုန်းဆာကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)မှ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်အား လောက်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူလက်ဝယ်သို့ (၂၈-၄-၂၀၂၀) ရက်နေ့ (၁၁:၀၀) ချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_apr2020 Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၂၈-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါးလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_ apr 2020
-
မိုးကြိုးဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကဇောင်းကျေးရွာအုပ်စု၊ ကံပဲ့ကျေးရွာတွင် ဖြစ်ပွားခဲ့သောမိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကျပ်တိတိအား (၂၈-၄-၂၀၂၀)ရက်နေ့ ၊ (၁၅:၃၀)နာရီအချိန်တွင် သေဆုံးသူ၏မိသားစုဝင်များလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများ ရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_apr2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ်အတွင်း၊ မယ့်မဲ ကျေးရွာ နှင့် ပျားသုံးကျေးရွာတို့၌ (၂၄-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အမိုးလန် ပျက်စီး အိမ်ထောင်စု (၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၅,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၁) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၆၅,၁၀၀/-) ကျပ်တို့အား (၂၈-၄-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr 2020 … Read more
-
Covid-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၈-၄-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ရွှေဇလုပ်(တ)ရပ်ကွက်၊ ရွှေဇလုပ်(မ)ရပ်ကွက်၊ ကံမရပ်ကွက်၊ ပြည်တော်သာ ရပ်ကွက်နှင့် ပြည်တော်သာ(ကွက်သစ်)ရပ်ကွက်များတွင် Covid-19ရောဂါ ကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာ ဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_ apr 2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့တွင် ကြာပင်ကျေးရွာ၊ ရေဦးကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ မယ့်မဲကျေးရွာနှင့် ပျားသုံးကျေးရွာတို့တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr 2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၈-၄-၂၀၂၀)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း (၁၂) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၁၁)စု၊ လူဦးရေ (၄၅၀၁)ဦး အတွက် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်( ၆၅၇)အိတ်၊ ဆီ(၈၁၁)ပိဿာ၊ ဆား(၄၀၀)ပိဿာ၊ ကုလားပဲ (၂၈)အိတ်၊ (၁၄) ရက်စာနှင့် အိမ်ထောင်စု(၁၁၄)စု၊ လူဦးရေ(၄၃၃)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၃၅)အိတ်၊ (၇)ပြည်၊ (၄)ဗူးတို့အား (၂၈-၄-၂၀၂၀)ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်တွင် (၂၆-၄-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်မှ (၁၅:၃၀) အချိန်အထိ မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် အမိုးလန်အိမ်ခြေ (၇) လုံး၊ လူဦးရေ (၂၇)ဦးနှင့် ပြိုကျအိမ်ခြေ(၁) လုံး၊ လူဦးရေ (၃)ဦး၊ စုစုပေါင််ဘေးသင့်အိမ်ခြေ (၈) လုံး၊ လူဦးရေ (၃၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃,၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၄၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၅၀၃,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁)စုစာအား (၂၈-၄-၂၀၂၀) ရက်နေ့၊ … Read more









