လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့ (၀၃:၀၀) အချိန်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းရှိ ဆီအောကျေးရွာနှင့် ကုန်းဆာကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)မှ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်အား လောက်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူလက်ဝယ်သို့ (၂၈-၄-၂၀၂၀) ရက်နေ့ (၁၁:၀၀) ချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_apr2020
Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)