တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၈-၄-၂၀၂၀)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း (၁၂) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၁၁)စု၊ လူဦးရေ (၄၅၀၁)ဦး အတွက် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်( ၆၅၇)အိတ်၊ ဆီ(၈၁၁)ပိဿာ၊ ဆား(၄၀၀)ပိဿာ၊ ကုလားပဲ (၂၈)အိတ်၊ (၁၄) ရက်စာနှင့် အိမ်ထောင်စု(၁၁၄)စု၊ လူဦးရေ(၄၃၃)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၃၅)အိတ်၊ (၇)ပြည်၊ (၄)ဗူးတို့အား (၂၈-၄-၂၀၂၀)ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_otr
#shn_apr2020

Sign Up

Upcoming Events