လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကဇောင်းကျေးရွာအုပ်စု၊ ကံပဲ့ကျေးရွာတွင် ဖြစ်ပွားခဲ့သောမိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကျပ်တိတိအား (၂၈-၄-၂၀၂၀)ရက်နေ့ ၊ (၁၅:၃၀)နာရီအချိန်တွင် သေဆုံးသူ၏မိသားစုဝင်များလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများ ရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#ayy_apr2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)