Category Archives: News
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေး မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (အနောက်ပိုင်း၊ ကွက်သစ်ပိုင်း)နှင့် ဦးကျော်စိန် (တဲတိုက်) ရှိအိမ်ခြေ (၁၀၃) လုံး၊ အိမ်ထောင်စု (၁၁၈) စု၊ လူဦးရေ (၅၁၅) ဦးတို့အတွက် သောက်သုံးရေ ဂါလံ (၆၀၀၀) အား ( ၂၉-၄-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_apr 2020 … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့တွင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ တလိုင်းကွင်းအုပ်စု၊ အောင်မြင်ကိုင်းကျေးရွာတွင် (၂၇-၄-၂၀၁၉) ရက်နေ့ ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသော အိမ်ခြေ(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၂၁၀၀/-)ကျပ် ၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၀၂၁၀၀/-) ကျပ် ကို ကမ်းပြိုဘေး ဖြစ်ပွားရာဒေသသို့ ကွင်းဆင်းသွားရောက်၍ ကမ်းပြိုဘေးသင့်ပြည်သူများ လက် ဝယ်သို့ … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉ – ၄ -၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ -တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ အ၀င် /အထွက်ယာဥ်လိုင်းများတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့ နောင်ကုန်ကျေးရွာအုပ်စု၊ မိုင်းလတ်(အာခါ)နှင့်ပန်ဗိုင်းခမ်းကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID – 19 ကူးစက် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် သိရှိ … Read more
-
ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါဖာကျေးရွာ၊ ဒေါတချကျေးရွာနှင့် ဒေါကော့ကျေးရွာများရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_apr2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့ တွင် (၀၉:၀၀) နာရီမှစတင်၍ (၁၂:၀၀) နာရီအချိန်ထိ ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ် ကျေးရွာအုပ်စု၊ မအူအောက်ဆိပ်ကျေးရွာ၊ မအူရွာသာအေးကျေးရွာ၊ မအူငယ်ကျေးရွာနှင့် မအူရွာသစ်ကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းကာ COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိ ပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက် လျက်ရှိ
ဧပြီ ၂၈၊ နေပြည်တော် – မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၂၆-၄-၂၀၂၀)နေ့နှင့် (၂၇-၄-၂၀၂၀)နေ့တို့တွင်- ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး၊ အုတ်ဖို၊ ပဲခူး၊ မိုးညို၊ အုတ်တွင်း၊ ထန်းတပင်၊ ဒိုက်ဦး၊ ကျောက်ကြီး၊ ကဝမြို့နယ်များ၌ နေအိမ်(၁၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၄၇၈)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းလှ၊ စလင်း၊ ပွင့်ဖြူ၊ ချောက်၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈ -၄-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့ရပ်ကွက် (၁၊၂၊၃၊၄) ရပ်ကွက်၊ ဘဝသစ်ကျေးရွာ (၁၊၂၊၃)နှင့် ကညင်ကုန်း ကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့ ည(၂၀:၀၀) နာရီအချိန်မှစတင်ပြီး ဟင်္သာတမြို့နယ်၊ ဒူးယါးမြို့(အမှတ် – ၁ /၂/၃၊ ညောင်ကုန်း၊ ရွာသာကုန်းကြီး) ရပ်ကွက်တို့တွင် လှည့်လည်၍ လတ်တလောဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၌ (၀၉:၃၀) နာရီအချိန်မှ (၁၀:၃၀) နာရီအချိန်ထိလည်းကောင်း၊ ပန်းချောင်းကျေးရွာ၌ (၁၀:၃ဝ) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိလည်းကောင်း၊ ဘုရားငုတ်တိုကျေးရွာ၌ (၁၁:၃၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိလည်းကောင်း၊ ပန်းတင်ကုန်းကျေးရွာ၌ (၁၃:၃၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိလည်းကောင်း၊ ချောင်းဖျားကျေးရွာ၌ (၁၄:၃၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိလည်းကောင်း၊ ဒိုးတန်းကျေးရွာ၌ (၁၅:၃၀) နာရီအချိန်မှ (၁၆:၃၀) … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID -19 ကာလအတွင်း မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးအတွက် မသန်စွမ်းသူများ COVID -19 အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့်တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဧပြီ ၂၈ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID -19 ကာလအတွင်း မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးအတွက် မသန်စွမ်းသူများ COVID -19 အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့် ယနေ့နံနက်ပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးပွဲ၌ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်း (၃၁)ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်း ထားသည့် မသန်စွမ်းသူများ COVID – 19 အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီမှ တာဝန်ရှိသူများ ပါဝင် ဆွေးနွေးခဲ့ကြသည်။ ညှိနှိုင်းဆွေးနွေးရာတွင် … Read more









