တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက် လျက်ရှိ

ဧပြီ ၂၈၊ နေပြည်တော်
– မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၂၆-၄-၂၀၂၀)နေ့နှင့် (၂၇-၄-၂၀၂၀)နေ့တို့တွင်-
 ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး၊ အုတ်ဖို၊ ပဲခူး၊ မိုးညို၊ အုတ်တွင်း၊ ထန်းတပင်၊ ဒိုက်ဦး၊ ကျောက်ကြီး၊ ကဝမြို့နယ်များ၌ နေအိမ်(၁၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၄၇၈)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
 မကွေးတိုင်းဒေသကြီး၊ မင်းလှ၊ စလင်း၊ ပွင့်ဖြူ၊ ချောက်၊ ဆိပ်ဖြူ၊ မင်းတုန်းမြို့နယ်များ၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၂၅)လုံးအမိုးအကာလန်ပျက်စီးခြင်း၊
 မန္တလေးတိုင်းဒေသကြီး၊ သာစည်နှင့် မိတ္ထီလာမြို့နယ်တို့၌ နေအိမ်(၆၆)လုံး အမိုးအကာလန် ပျက်စီးခြင်း၊
 ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေး၊ ဖျာပုံ၊ သာပေါင်း၊ ရေကြည်၊ ဟင်္သာတမြို့နယ်များ၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၃)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ ဖြစ်ပွား ခဲ့ပါသည်။
– (၉-၄-၂၀၂၀)ရက်နေ့မှ (၂၈-၄-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှု များကြောင့် နေအိမ်(၁၇၂)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ်(၃၈၄၁)လုံးနှင့် ဘာသာရေးအဆောက်အဦ (၆၉)လုံး အမိုးအကာလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ကျပ် (၁၉၇.၅)သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။
– ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရပါသည်။

Source: MSWRR

#ha_sgw
#npw_apr2020

Sign Up

Upcoming Events