Category Archives: News
-
ကျောက်တံခါးမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ သမင်အင်းကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ခိုလိုကျေးရွာ၊ ဒိုးတန်းကျေးရွာနှင့် လက်ခံကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_may2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကျောက်တံခါးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက် (၂) ခုနှင့် ကျေးရွာအုပ်စု (၄) အုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ်(၅၃)လုံးနှင့် ပြိုလဲနေအိမ်(၆)လုံးတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၇၀၀၀၀)ကျပ်၊ လူဦးရေ(၅၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၁၀၅၀၀၀) ကျပ်နှင့် ပြိုလဲနေအိမ်(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၂၉-၄-၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမနှင့် လေဘေးဖြစ်ပွားရာဒေသများသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
မိုးညှင်းမြို့နယ်၊ အင်းလေးကျေးရွာနှင့် (၇) မိုင်ကုန်းတန်းကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ အင်းလေးကျေးရွာနှင့် (၇) မိုင်ကုန်းတန်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးစာစောင်ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လားရှိုးမြို့နယ်၊ မိုင်းမောကျေးရွာနှင့် မန်ပန်ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးခရိုင်ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃၀-၄-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့နယ်၊ မိုင်းမောကျေးရွာနှင့် မန်ပန်ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေးပန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်အထွက်နေရာများ၌ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်အထွက်စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်များတိုင်းထွာပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ ကျားရဲကျေးရွာအုပ်စုနှင့် ဒါးကညောင်ကုန်းကျေးရွာအုပ်စုများရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု စစ်ပင်ကြီးကျေးရွာ၊ ကျားရဲကျေးရွာအုပ်စု မန်တိုင်းကုန်းကျေးရွာနှင့် ဒါးကညောင်ကုန်းကျေးရွာအုပ်စု ဒါးကညောင်ကုန်းကျေးရွာတို့၌(၂၆/၂၈-၄-၂၀၂၀) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၂)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀ဝိ/-)၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၂၇၃၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၂၇၇၃၀ဝိ/-) နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂) အိမ်ထောင်စာတို့အား (၃၀-၄-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မအူပင်မြို့နယ်၊ သာယာကုန်းရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၅)ရွာ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ သာယာကုန်းရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၅)ရွာ၌ COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား Loud Speaker, Hand Speaker များဖြင့် လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒီးမော့ဆိုမြို့နယ်၊ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု ယူဆမိုဆိုကျေးရွာနှင့် ဒေါတဝီကျေးရွာ၊ နောင်ပုလဲကျေးရွာအုပ်စု၊ လေးမိုင်မြေနီကုန်းကျေးရွာ၊ မြလဲကျေးရွာအုပ်စု၊ ဆီးမီဆိုဒါးကျေးရွာ၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါဆီးအီကျေးရွာများရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၊ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဝက်လက်မြို့နယ် ၊ မြင်တော်ကျေးရွာ၊ မူးကြီးကျေးရွာ၊ မန်းကျီးတုံရွာတို့တွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံမှုများ မဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာ ဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #sgg_may2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀) ရက်နေ့ တွင် (၀၈:၀၀)နာရီမှစတင်၍ (၁၄:၀၀)နာရီအချိန်ထိ ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ပေါက်ကန်ကျေးရွာ၊ အင်းဝကျေးရွာ၊ မေမြို့ကျေးရွာ၊ တောင်ဦးကျေးရွာ၊ ခံစပ်တောကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ရင့်ရော်ပင်ကျေးရွာနှင့် မြေမလှကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊အောက်စီဂျင်အခမဲ့ကူညီရေးအသင်း၊ လူငယ်ကွန်ယက်အဖွဲ့တို့နှင့် ပူးပေါင်းကာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









