သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ ကျားရဲကျေးရွာအုပ်စုနှင့် ဒါးကညောင်ကုန်းကျေးရွာအုပ်စုများရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု စစ်ပင်ကြီးကျေးရွာ၊ ကျားရဲကျေးရွာအုပ်စု မန်တိုင်းကုန်းကျေးရွာနှင့် ဒါးကညောင်ကုန်းကျေးရွာအုပ်စု ဒါးကညောင်ကုန်းကျေးရွာတို့၌(၂၆/၂၈-၄-၂၀၂၀) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၂)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀ဝိ/-)၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၂၇၃၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၂၇၇၃၀ဝိ/-) နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂) အိမ်ထောင်စာတို့အား (၃၀-၄-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2020
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events