လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက် (၂) ခုနှင့် ကျေးရွာအုပ်စု (၄) အုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ်(၅၃)လုံးနှင့် ပြိုလဲနေအိမ်(၆)လုံးတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၇၀၀၀၀)ကျပ်၊ လူဦးရေ(၅၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၁၀၅၀၀၀) ကျပ်နှင့် ပြိုလဲနေအိမ်(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၂၉-၄-၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမနှင့် လေဘေးဖြစ်ပွားရာဒေသများသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)