Category Archives: News
-
အပူချိန်တိုင်းကိရိယာနှင့် ဗီနိုင်းပိုစတာများ ထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂.၅..၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့အတွင်းရှိ လီဆူနှစ်ခြင်းဘော်ဒါ IDPစခန်းတွင် အပူချိန်တိုင်းကိရိယာ (၁)ခု၊ ဗီနိုင်းပိုစတာ (၁)ခု နှင့် နှစ်-၂၀၀၀ (RC)IDPစခန်းတွင် အပူချိန်တိုင်းကိရိယာ (၁)ခု၊ ဗီနိုင်းပိုစတာ (၁)ခု၊ စုစုပေါင်း IDPစခန်း(၂)ခုတို့၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၂၀)ရက်နေ့တွင် ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်၊ မန်ခေါက်ကျေးရွာ၊ မန်ကန်ကျေးရွာနှင့် အာပြောင်ကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာဘာသာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ကြေင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထီးလင်းမြို့နယ်၊ ပုဏ္ဏားကျေးရွာအုပ်စုနှင့် တောင်ရောင်းကျေးရွာအုပ်စု လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ပုဏ္ဏား ကျေးရွာအုပ်စု၊ ပုဏ္ဏားကျေးရွာနှင့် တောင်ရောင်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတို့၌ (၃၀-၄-၂၀၂၀)ရက်နေ့၊ (၁၄:၂၀) နာရီမှ (၁၄:၄၀) နာရီအချိန်ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၉)လုံး အမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၈)ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါလေပြင်းဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၈၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၇၉၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၅၉၈၀ဝိ/-)တို့အား ထီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂-၅-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2020 … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပုအင်းကျေရွာနှင့် လွှစင်ကုန်းကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးဟောပြောခြင်း၊ နံရံကပ်ပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
နားယန်း(၁)ကျေးရွာ၊ နားယန်း(၂)ကျေးရွာနှင့် ဝမ်မိုင်ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့တွင် နားယန်း(၁)ကျေးရွာ၊ နားယန်း(၂)ကျေးရွာနှင့် ဝမ်မိုင်ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ထိန်ကန်အုပ်စု၊ဆင်ကကျေးရွာတွင်(၂.၅.၂၀၂၀)ရက်နေ့ (၀၁း၁၀)နာရီအချိန်ခန့်တွင် မီးကြွင်းမီးကျန်မှတဆင့် သွပ်မိုး၊ထရံကာ လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့ မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀ဝိ/-)၊ မီးဘေးသင့်လူဦးရေ(၆) ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာ ရန်ပုံငွေ( ၁၂၆၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၁၂၆၀ဝိ/-)နှင့် အိမ်ထောင်စု(၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် (၂-၅-၂၀၂၀) ရက်နေ့ညနေ(၁၄း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_may2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကနီမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လေပြင်းဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကနီမြို့နယ်အတွင်းရှိ တွင်းမကျေးရွာ၊ တွင်းကျေးရွာ၊ တောင်ပျောက်ကျေးရွာ၊ ဘုရားစုကျေးရွာနှင့် ပက်ကြားဝကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးလိုက်နာရန်အချက်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ အသိပညာပေးခြင်း၊ ကျေးရွာများအတွင်း ပြည်သူသို့ပန်ကြားချက်များနှင့် လေပြင်းဘေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုန်တိုင်း၏သက်ရောက်မှုကြောင့် လေပြင်းတိုက်ခတ်မှုများ မိုးကြိုးပစ်ခတ်ခြင်းများ ကြိုတင်ကာကွယ်နိုင်ရန် (၂-၅-၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့ ၊ ယာယီရွှေ့ပြောင်းဈေးရှိ ဈေးသူဈေးသားများအား လေဘေးလက်ကမ်းစာစောင်နှင့် မိုးကြိုးဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ မင်းကင်းမြို့နယ်အတွင်း (၃၀-၄-၂၀၂၀) နေ့ဖြစ်ပွားသော လေဘေးတွင် ဘင်ကျေးရွာ၊ အုန္နဲဘုတ်ကျေးရွာ၊ အနောက်တောကျေးရွာရှိ ဘေးသင့်အိမ်ထောင်စု (၇)စု၊ လူဦးရေ (၂၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၁၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၆၇၀၀/-) ကျပ် စုစုပေါင်း(၂၆၆၇၀၀/-)ကျပ်တို့ကို (၂-၅-၂၀၂၀)နေ့တွင် သက်ဆိုင်ရာ ကျေးရွာများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီမှူးရုံး (ဘစမ) #ha_sgw #sgg_may2020
-
မင်းဘူး(စကု)မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ ကျွဲတဲကျေးရွာ၊ ညောင်ကိုင်းကျေးရွာ၊ ရှော်ဖြူတောကျေးရွာ၊ မရွှေကြောင်းကျေးရွာ၊ စည်သာကျေးရွာနှင့် မုတ်ခဲကျေးရွာများအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)









