
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ မင်းကင်းမြို့နယ်အတွင်း (၃၀-၄-၂၀၂၀) နေ့ဖြစ်ပွားသော လေဘေးတွင် ဘင်ကျေးရွာ၊ အုန္နဲဘုတ်ကျေးရွာ၊ အနောက်တောကျေးရွာရှိ ဘေးသင့်အိမ်ထောင်စု (၇)စု၊ လူဦးရေ (၂၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၁၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၆၇၀၀/-) ကျပ် စုစုပေါင်း(၂၆၆၇၀၀/-)ကျပ်တို့ကို (၂-၅-၂၀၂၀)နေ့တွင် သက်ဆိုင်ရာ ကျေးရွာများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မင်းကင်းမြို့နယ်ဦးစီမှူးရုံး (ဘစမ)
#ha_sgw
#sgg_may2020