လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ထိန်ကန်အုပ်စု၊ဆင်ကကျေးရွာတွင်(၂.၅.၂၀၂၀)ရက်နေ့ (၀၁း၁၀)နာရီအချိန်ခန့်တွင် မီးကြွင်းမီးကျန်မှတဆင့် သွပ်မိုး၊ထရံကာ လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့ မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀ဝိ/-)၊ မီးဘေးသင့်လူဦးရေ(၆) ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာ ရန်ပုံငွေ( ၁၂၆၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၁၂၆၀ဝိ/-)နှင့် အိမ်ထောင်စု(၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် (၂-၅-၂၀၂၀) ရက်နေ့ညနေ(၁၄း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_may2020
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)