Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့ (၀၉:၃၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာ နှင့် ဆယ်ပလာကျေးရွာ အတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၄-၅-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာနှင့် ဟော်နန်းရာယီဈေးတို့တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက် ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များ လိုက်နာရန် အသိပညာပေးလက်ကမ်းစာစောင်များမျှဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #shn_may2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့တွင် လင်းခေးမြို့နယ်၊ ဝမ်စစ်ကျေးရွာ၌လည်းကောင်း၊ (၄-၅-၂၀၂၀) ရက်နေ့တွင် လင်းခေးမြို့နယ်၊ နမ့်တင်ကျေးရွာ၌ လည်းကောင်း ယခု လတ်တလောဖြစ်ပေါ်နေသော ကူးစက်မြန်ရောဂါ (COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးပန်ကြားခြင်းကို ဗမာ၊ ရှမ်း (၂)ဘာသာဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့ (၁၇:၃၀) အချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအုပ်စု၊ ဘောကျေးရွာမှ အမိုးလန်ပျက်စီးနေအိမ်(၁)လုံး၊ လူဦးရေ(၂)ဦး၊ ကျေးတပင်ကျေးရွာမှ အမိုးလန်ပျက်စီးနေအိမ်(၅)လုံး၊ လူဦးရေ(၂၉)ဦး၊ စုစုပေါင်းအမိုးလန်ပျက်စီးနေအိမ်(၆)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၂၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၃၁)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၅,၁၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၈၅,၁၀ဝ/-)ကျပ်ကို လေဘေးသင့်မိဘပြည်သူများလက်ဝယ်အရောက် (၄-၅-၂၀၂၀) ရက်နေ့ (၁၀:၁၅) အချိန်တွင် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2020 Source: ကန့်ဘလူခရိုင်ဦးစီးမှုးရုံး (ဘစမ)
-
လယ်ဝေးမြို့နယ်အတွင်း လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သပြေပင်အုပ်စု၊ ငွေတောင်ကျေးရွာ၌ (၂-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၅၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၁၆၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၆၆၈၀ဝိ/-) တိတိအား (၃-၅-၂၀၂၀) ရက်နေ့၊ (၁၅:၅၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_may2020 … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောက်မယ်မြို့နယ် ၊ဟိုနမ့်ကျေးရွာအုပ်စု၊ ထိဟန်ခုံ (ထိဟန်ခွီး) ကျေးရွာတို့တွင် (၁-၅-၂၀၂၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၂၇) လုံး၊ လူဦးရေ (၁၅၅) ဦးလေဘေးသင့်ခဲ့ပြီး တစ်စိတ်တစ်ပိုင်း ထိခိုက် ပျက်စီးနေအိမ် (၂၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၁၉၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၅၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၂၅,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၅၁၅,၅၀၀/-) ကျပ် တို့ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ရဲကွင်းကျေးရွာအုပ်စု၊ ရွှေဘိုတန်းကျေးရွာနှင့် အင်းဝင်းကျေးရွာအုပ်စု၊ ဒါးကကျေးရွာတို့တွင် (၃-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့ သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(ဝါးအိမ်-၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၅,၀၀ဝ/-) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ထောက်ပံ့ငွေ (၂၇,၃၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၂,၃၀ဝ/-) ကျပ်တို့အား (၄-၅-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီ အချိန်တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်ပစ္စည်းများ ပေးပို့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်) မှ (၂-၅-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူအသိပညာပေးလုပ်ငန်းများနှင့် IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် အသုံးပြုနိုင်ရန်အတွက် Surgical Mask (၃၀၀၀၀) ခု၊ Hand Gel (၃၉၄၆၀) ဘူး၊ အဝတ်Mask (၅၀၀၀) ခု၊ အပူချိန်တိုင်းကိရိယာ (၁၀၀) ခု၊ Hand Speaker (၁၂၃) ခုနှင့် Memory Stick 8GB (၁၆၄) ခုတို့အား … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ အလည်ကျေးရွာအုပ်စု၊ ရေငံ (အရေှ့)ကေျးရွာနှင့် နွားစာငုတ်ကျေးရွာ၌ လေဘေးဖြစ်ကြောင့် လေဘေးအမိုးလန်(၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၃၇၅၀၀/-)ကျပ်၊ လူဦးရေ(၅၈)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၁၂၁၈၀၀/-)ကျပ်တို့ကို (၄-၅-၂၀၂၀)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ရှေ့မှောက်တွင်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mdy_may2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်ဆေးဘေစင်၊ အပူချိန်တိုင်းကိရိယာနှင့် ဗီနိုင်းပိုစတာများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ ဒူကထောင်၊ နယ်မြေ(၄)၊ နယ်မြေ(၅)၊ နယ်မြေ(၁၄)ရှိ IDPs စခန်းများသို့ လက်ဆေးဘေစင်(၃)ခု၊ Covid-19 အသိပညာပေး Flow Chart ဗီနိုင်းပိုစတာ (၃) ခု နှင့် Non-Contact Infrared Thermometer (၃) ခု တို့အား သွားရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_may2020 … Read more









