ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်ပစ္စည်းများ ပေးပို့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်) မှ (၂-၅-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူအသိပညာပေးလုပ်ငန်းများနှင့် IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် အသုံးပြုနိုင်ရန်အတွက် Surgical Mask (၃၀၀၀၀) ခု၊ Hand Gel (၃၉၄၆၀) ဘူး၊ အဝတ်Mask (၅၀၀၀) ခု၊ အပူချိန်တိုင်းကိရိယာ (၁၀၀) ခု၊ Hand Speaker (၁၂၃) ခုနှင့် Memory Stick 8GB (၁၆၄) ခုတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးသို့ စင်းလုံးငှားမော်တော်ယာဥ်(၂) စီးဖြင့် ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ygn_may2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events