လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့ (၁၇:၃၀) အချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအုပ်စု၊ ဘောကျေးရွာမှ အမိုးလန်ပျက်စီးနေအိမ်(၁)လုံး၊ လူဦးရေ(၂)ဦး၊ ကျေးတပင်ကျေးရွာမှ အမိုးလန်ပျက်စီးနေအိမ်(၅)လုံး၊ လူဦးရေ(၂၉)ဦး၊ စုစုပေါင်းအမိုးလန်ပျက်စီးနေအိမ်(၆)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၂၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၃၁)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၅,၁၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၈၅,၁၀ဝ/-)ကျပ်ကို လေဘေးသင့်မိဘပြည်သူများလက်ဝယ်အရောက် (၄-၅-၂၀၂၀) ရက်နေ့ (၁၀:၁၅) အချိန်တွင် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: ကန့်ဘလူခရိုင်ဦးစီးမှုးရုံး (ဘစမ)