လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ရဲကွင်းကျေးရွာအုပ်စု၊ ရွှေဘိုတန်းကျေးရွာနှင့် အင်းဝင်းကျေးရွာအုပ်စု၊ ဒါးကကျေးရွာတို့တွင် (၃-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့ သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(ဝါးအိမ်-၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၅,၀၀ဝ/-) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ထောက်ပံ့ငွေ (၂၇,၃၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၂,၃၀ဝ/-) ကျပ်တို့အား (၄-၅-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီ အချိန်တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)