လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောက်မယ်မြို့နယ် ၊ဟိုနမ့်ကျေးရွာအုပ်စု၊ ထိဟန်ခုံ (ထိဟန်ခွီး) ကျေးရွာတို့တွင် (၁-၅-၂၀၂၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၂၇) လုံး၊ လူဦးရေ (၁၅၅) ဦးလေဘေးသင့်ခဲ့ပြီး တစ်စိတ်တစ်ပိုင်း ထိခိုက် ပျက်စီးနေအိမ် (၂၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၁၉၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၅၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၂၅,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၅၁၅,၅၀၀/-) ကျပ် တို့ အား (၃-၅-၂၀၂၀) ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#shn_may 2020
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events