Category Archives: News
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀)ရက်နေ့တွင် မိုးနဲမြို့နယ်၊ နားခံ ကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာနှင့် ကာမလန်းကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၁၀)လုံး၊ လူဦးရေ (၄၃)ဦး လေဘေးသင့်ခဲ့ပြီး ထိခိုက်ပျက်စီးသွားသော (တစ်စိတ်တစ်ပိုင်း) နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၈၀,၀၀၀) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခါဖိုး (၉၀,၃၀၀)ကျပ်၊ စုစုပေါင်း (၆၇၀,၃၀၀) ကျပ်တို့ကို (၄-၅-၂၀၂၀)ရက်နေ့တွင် ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ … Read more
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့၌ နှစ်စဉ်မိုးတွင်းကာလအတွင်း ဘီးလင်းမြစ်ရေဝင်ရောက်၍ ရေဘေးသင့် ကြိုတင်ပြောင်းရွှေ့နေအိမ်(၂၂)လုံး၊ အိမ်ထောင်စု(၂၂)စုတို့အတွက် အိမ်ထောင်စု(၁)စုလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂,၂၀၀,၀၀ဝ/-)ကျပ်တို့ကို လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၄-၅-၂၀၂၀)ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_may2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်အထိ တပ်ကုန်းမြို့နယ်၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ညောင်ပင်ဝင်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကံသာကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၌ (၁-၅-၂၀၂၀) နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၁) လုံး ပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၁) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ/-) ကျပ် ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝ/-)ကျပ်၊ family kits (၁) ပုံး တို့အား (၄-၅-၂၀၂၀) နေ့ (၁၁:၃၀) အချိန်တွင် ဘေးသင့်ပြည်သူထံသို့ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ကူးကားကျေးရွာအုပ်စု၊ ပေါက်ချောင်း(န)စုကျေးရွာ၊ ပေါက်ချောင်း(ထ)စုကျေးရွာ၊ ပလောင်းကျေးရွာအုစု၊ ပလောင်းကျေးရွာ၊ ကျောက်တံခါးကျေးရွာ၊ ကမ္ဘားဖြူကျေးရွာအုပ်စု၊ ကျောက်လုံးကျေးရွာတို့၌ (၂-၅-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ (၉၁) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၉၁,၁၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၅၀,၀၀၀/-) ကျပ်တို့ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကူးကားကျေးရွာအုပ်ချုပ်ရေးမှူး၊ ပလောင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကမ္ဘားဖြူကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၄-၅-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ် တုံတာမြို့ပေါ်ရှိ ရပ်ကွက် (၁၊၂၊ ၃၊ ၄) များအတွင်း Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ဗမာ၊ ရှမ်း (၂) ဘာသာတို့ဖြင့် အသိပေးဟောပြောခြင်း၊ နံရံ ကပ်စာစောင်များဝေငှခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_may2020 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်အထိ မာဃသဟာယလူမှုအထောက်အကူပြုအဖွဲ့တို့နှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရွာသာကျေးရွာ၊ ၀က်ချီပါကျေးရွာ၊ တောဖို့ကျေးရွာနှင့် လီလင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေးပန်ကြားချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက် လျက်ရှိ
မေလ ( ၃)ရက် ၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၂-၅-၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၌ နေအိမ်(၁၃)လုံးပြိုကျပျက်စီးပြီး၊ နေအိမ်(၃၃၁)လုံးနှင့် ဘာသာရေးအဆောက်အဦ(၇)လုံး အမိုးအကာလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပါသည်။ အဆိုပါလေဘေးဖြစ်ပွားသည့် နေရာများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ဒေါက်တာအောင်သန်းမောင်နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများသည် (၃-၅-၂၀၂၀)ရက်နေ့တွင် … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID -19 ကာလ Quarantine လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအတွက် လေ့ကျင့်သင်တန်းပေးရေးကိစ္စများညှိနှိုင်းဆွေးနွေး
မေ၊ (၃) ၊နေပြည်တော် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း Quarantine လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအတွက် လေ့ကျင့်သင်တန်းပေးရေး ကိစ္စများ ညှိနှိုင်းဆွေးနွေးခြင်းကိုအမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးမှုကို ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင် အဖွဲ့ဝင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဌ ပါမောက္ခဒေါက်တာ ထင်အောင်စောနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များနှင့် အတွင်းရေးမှူးရုံးအဖွဲ့ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက COVID -19 … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် ရွှေဘိုမြို့ယာဉ်အဝင်အထွက်ဂိတ်များနှင့် စည်ပင်သာယာဈေးကြီးတို့တွင် မုန်တိုင်းဘေးလက်ကမ်းစာစောင်နှင့် မိုးကြိုးဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_may2020









