
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀)ရက်နေ့တွင် မိုးနဲမြို့နယ်၊ နားခံ ကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာနှင့် ကာမလန်းကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၁၀)လုံး၊ လူဦးရေ (၄၃)ဦး လေဘေးသင့်ခဲ့ပြီး ထိခိုက်ပျက်စီးသွားသော (တစ်စိတ်တစ်ပိုင်း) နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၈၀,၀၀၀) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခါဖိုး (၉၀,၃၀၀)ကျပ်၊ စုစုပေါင်း (၆၇၀,၃၀၀) ကျပ်တို့ကို (၄-၅-၂၀၂၀)ရက်နေ့တွင် ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်၍ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#shn_may2020
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)