
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ် တုံတာမြို့ပေါ်ရှိ ရပ်ကွက် (၁၊၂၊ ၃၊ ၄) များအတွင်း Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ဗမာ၊ ရှမ်း (၂) ဘာသာတို့ဖြင့် အသိပေးဟောပြောခြင်း၊ နံရံ ကပ်စာစောင်များဝေငှခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_may2020
Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)